Tuesday 2 August 2011

ကြာလျှင် စိတ်ဖောက်ပြန်လာမည်

ဧပြီလ ၆-ရက်နေ့ ထိုသတင်းစာကပင် စာမျက်နှာ-၈ ၌ “ပညာရှိလူတစ်စုက အကြမ်းမဖတ်ဘဲ ကြဉ်ရှောင်ခြင်းအလုပ်တွင် အကျိုးမရှိဟုသဘောထားကြလေသည်ဟု” ကျွန်ုပ်တို့မှာ စိုးမိုးခြင်းခံရသော လက်အောက်နိုင်ငံသားဖြစ်ခြင်းကြောင့် ကြဉ်ရှောင်သောအလုပ်ကို တညီတညွတ်တည်း စိတ်အားထက်သန်စွာနှင့် ပြုလုပ်ကြရမည်။ 

ထိုနည်းလမ်းတခုသာလျှင် ဟုမ္မရူးလွတ်လပ်ရေး ရနိုင်ရန်လမ်းကြောင်း ဖြစ်ချေတော့သည်။”
မေလ ၁၈-ရက်နေ့ စာမျက်နှာ-၅တွင် “ဗြူရိုကရက်တို့၏ လက်အောင်တွင် နေထိုင်ရခြင်းသည်ကား အသက်နှင့် နေရသည်ကဲ့သို့ မဟုတ်၊ နာမ်ဝိဥာဏ်မရှိသောသူနှင့် တူချေသည်။ 

ကျွန်ုပ်တို့၏ကိုယ်ကို အနှောင်အဖွဲ့နှင့် ထားခြင်းခံနေရသည့်ဖြစ်၍ လှုပ်ရှားကွန့်မြူး အသက်ရှူခြင်း မပြုနိုင်ရှိချေမူကား မကောင်းသောစိတ် ဖောက်ပြန်လာ၍ ရောဂါဝေဒနာ ကပ်လာပေလိမ့်မည်။ 

ကိုယ်စိတ်ကျန်းမာချမ်းသာရေးအတွက် လူတိုင်းပင်လျှင် လွတ်လပ်ရေးရရှိစေရမည်” ဟုဤကဲ့သို့ဆို၏။

No comments:

Post a Comment