Tuesday 2 August 2011

အို ဒါယကာ၊ ဒါယိကာမအပေါင်းတို့

ဤကဲ့သို့ ပြည်သူပြည်သားအများတို့နှင့် သက်ဆိုင်ရာ အရေးကြီးကစ္စတွင် အငြင်းအခုံ တိုက်ခိုက်နေကြခြင်းကို သိရသည်မှာ ဆရာတော်အားလွန်စွာစိတ်နှလုံး ညစ်ညူးခြင်းဖြစ်ရပေသည်။ 

၎င်းအသင်းအပင်း ဂုဏ်အသီးသီးတို့အပေါ်တွင် ရှုံ့ချစွပ်စွဲကြသည်ကို ယုံကြည်ခြင်းမရှိချေ။ ထိုစွပ်စွဲချက်များသည် တကယ်စစ်စစ် တွေ့ကြုံ၍မဟုတ်။ 

အထင်နှင့်ရမ်းသော ဖြန်းသန်းပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ 
ထို့ကြောင့် မိမိတို့ တိုက်ခိုက်ပြောဆိုခြင်းခံရမည့်သူများအား တရားနည်းလမ်းဖြင့်သာ ပြောဆိုပြစ်တင်ခြင်းသည်ဖြစ်စေရန် ရည်သန်စုံစမ်းကြရပေမည်။ 

လမ်းပန်းခရီး နည်းလမ်းစနစ် စသည်ကို အသိသောအားဖြင့်သာ ၎င်းတို့ထင်မြင်ရာ အာသီသကို အားကြိုးမာန်တတ်တိုက်တွန်းနှိုးဆော်ကြသည်ဟု ယုံကြည်သည်။ 

ရှုံ့ချပုတ်ခတ်နေကြခြင်းသည် အလျဉ်းဖြောင့်မှန်သော နည်းလမ်းမဟုတ်။ သူရသတ္တိလည်းမမည် ဖြစ်လေသည်။



မှတ်ချက် ( ဤစာအုပ်မှာ ကျွန်ုပ်တို့ ဖြန့်ချိရေးဌာနမှ ပုံနှိပ်ထုတ်ဝေသည့် “ဘဝကြေးမုံစာစဉ်” ၏ ပွဲဦးထွက် စာအုပ်ပင်ဖြစ်ပေသည်။.

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတမျိုး၏ သမိုင်းစဉ်တစ်ရပ်သည်၎င်း၊ ရံဖန်ရံခါ ကမ္ဘာ့သမိုင်းစဉ် တခန်းတကဏ္ဍသည်၎င်း၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ချွန်များ၏ ဖြစ်စဉ်တွင် ပေါ်လွင်ထင်ဟပ်၍ နေတတ်ပေသည်။ 

ထိုသို့သော ဘဝဖြစ်စဉ်များမှပင် ပုဂ္ဂိုလ်ကျော်တို့၏ အတွေးအခေါ်များ၊ အတွေ့အကြုံများ၊ အမှားအယွင်းများကို ကျွန်ုပ်တို့ နည်းနာခံယူမှတ်သားနိုင်ပေသည်။)

No comments:

Post a Comment